လောကမာရဇိန် အဓိဌာန်သိမ်တော်ကြီး

တည်နေရာ   = လယ်စုရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့ အုပ်မြစ်စီမင်္ဂလာအခမ်းအနား = လောကမာရဇိန် အဓိဌာန်သိမ်တော်ကြီးကို မဟာဇေယသဒ္ဓိ အဓိဌာန်ဆရာတော်ကြီး ဦးဆောင်မတည်မှုဖြင့် (၂၁-၆-၂၀၁၅) ရက်နေ့တွင် အုတ်မြစ်စီ မင်္ဂလာပွဲကိုကျင်းပခဲ့ပါသည်။ လောကမာရဇိန် အဓိဌာန်သိမ်တော်ကြီး တည်ဆောက်လှူဒါန်းမှု အဆင့်ဆင့် မှတ်တမ်းဓါတ်ပုံများ          

မဟာကျိန်သစ္စာရှင်ဘုရားကြီး

  မဟာကျိန်သစ္စာရှင်ဘုရားတည်ထားပုံအဆင့်ဆင့် တည်နေရာ       -  အမှတ်(၁၁၃၅/၃)၊ သနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။ အမြင့်ဥာဏ်တော်       -    ၁၂၉ပေ၊ ၆လက်မ ပဓာနနာယကဆရာတော်   -    ဘဒ္ဒန္တကုလရက္ခိတ (မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော်) ရည်ရွယ်ချက်     -         ဆရာတော်အရှင်သူမြတ်သည် အဓိဋ္ဌာန်ယူလိုသည့်ပုဂ္ဂိုလ်များအတွက် ဘုရားကြီးတစ်ဆူ ဆည်ထားပေးလို သည့်စေတနာဖြင့် ဝေသာလီခေတ် ရှေးရခိုင်ဘုရင်များ လက်ထက်တော်က ဘုရားများ ကိုယ်တိုင်ပဉ္စလောက ဓါတ်သား (၅)မျိုးဖြင့် သွန်းလုပ်ပူဇော်ကာ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပြီး ရာဇာဘိသေက ပြုလုပ်သည့် အခါ အဆိုပါ ဘုရားကို ဦးခေါင်းပေါ်တွင်တင်၍ ကျိန်ဆိုသစ္စာပြု သော မဟာကျိန်ဘုရားအား တည်ထားပူဇော်ခြင်းဖြင့် ကမ္ဘာသူ ကမ္ဘာသား၊ မြန်မာနိုင်ငံသူနိုင်ငံသား လူအများ အဓိဋ္ဌာန်ဝင်နိုင်စေ ရန်။ ခွင့်ပြုသည့်အဖွဲ့                              -         မြို့နယ်သံဃာ့နာယကအဖွဲ့ ဘုရားဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ  -  ဒုတိယဗိုလ်မှူးကြီး တင်မြ(ငြိမ်း) ဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့ဝင် (၁၈)ဦးပါ လုပ်ငန်းကော်မတီဖြင့် စနစ်တကျတည်ထား ပူဇော်လျက်ရှိပါသည်။ ပိုင်မင်္ဂလာ (ပန္နက်တင်)အခမ်းအနား       -         ၁x၁(၈)တိုင်၊ ၁.၅ (၁၆)တိုင်၊ ၂x၂ (၃၂)တိုင် ၇-၁-၂၀၀၆တွင် စတင်၍ Myanmar V-pile မှ ပန္နက်တင်ခဲ့ပါသည်။ အုတ်မြစ်စီမင်္ဂလာအခမ်းအနား     – ၁၃၆၉၊ နတ်တော်လပြည့်ကျော် (၉)ရက် (၂၉-၁၂-၂၀၀၇) (စနေနေ့) နံနက် (၈း၀၀)နာရီ   ကိုယ်လုံးတော်စီမင်္ဂလာအခမ်းအနား       -         ၁၃၇၀ ပြည့်၊ ၀ါခေါင်လပြည့် (၁၅)ရက်နေ့ (၁၆-၈-၂၀၀၈) (စနေနေ့)၊ နံနက် (၇)နာရီတွင် ကိုယ်လုံးတော်စီ မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဓမ္မခဏ်နှင့်ကိုယ်လုံးတော်ပုံဖေါ်လုပ်ငန်း   ဆက်လက်ဖတ်ရှုရန်

“အဓိဋ္ဌာန်သိမ်တော်ကြီး” စွန်ရဲကျေးရွာ၊ မင်းပြားမြို့နယ်

ဆရာတော်သည် သာသနာတော်တည်တံ့ပြန့်ပွါးရေးကိုလည်းကောင်း၊ ရေဘေး၊ လေဘေးအန္တရာယ် အသွယ်သွယ်နှင့်ကြုံလာပါက လူအများနားခိုနေနိုင်စရာရည်ရွယ်ချက်ဖြင့်လည်းကောင်း စွန်ရဲအနီးကုန်းမြင့် မြေတစ်နေရာကို ရွေးချယ်ကာ အလျား (၂၀၀)ပေ၊ အနံ (၁၂၀)ပေ၊ အမြင့် (၁၂)ပေ ကုန်းမြင့်အဖြစ် တံတိုင်း ကာတည်ဆောက်လျက် ၄င်းကုန်းမြင့်မြေပေါ်တွင် မြောက်ဦးမြို့ အံတော်သိမ်ပုံစံကို အခြေခံပြီး (၅၄)ပေ ပတ်လည်ရှိ “အဓိဋ္ဌာန်သိမ်တော်ကြီး” တစ်ဆောင်ကို တည်ဆောက်ခဲ့ပါသည်။ ၄င်းသိမ်တော်ထဲတွင် မဟာမုနိပုံတော်ဗုဒ္ဓရုပ်ပွားတော်ကြီး (၃)ဆူနှင့် (၁၁)ပေခွဲရှိ မတ်ရပ်ကျောက်ဆင်းထု ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ကိုလည်း တည်ထားကိုးကွယ်ခဲ့ပါသည်။ ၄င်းကုန်းပေါ်တွင်ပင် နှစ်ကျိပ်ရှစ်ဆူစေတီများနှင့် ဥာဏ်တော်အမြင့် (၂၇)ပေရှိ ရွှေထီးမိုးမတ်ရပ် ဘုရားကိုလည်းတည်ထားတော်မူပါသည်။ ၄င်းကုန်းတော်နှင့် သိမ်တော်၊ ဘုရားစေ တီများတည်ထားရာတွင် မြန်မာကျပ်သိန်းပေါင်း (၃)ထောင်ခန့် အကုန်အကျခံတည်ဆောက်ခဲ့ပါသည်။ ၄င်းနောက် စွန်ရဲကျေးရွာတွင် ငွေကျပ်သိန်းပေါင်း (၃)ထောင်ခန့်ဖြင့် လှူဒါန်းဆောက်လုပ်နေသော ဘုန်းတော်ကြီး ကျောင်းမှာလည်း ရွှေရောင်တ၀င်းဝင်းဖြင့် ယခုအခါ အောင်မြင်စွာပြီးစီးသွားပြီဖြစ်ပါသည်။

မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်သိမ်တော်ကြီး

    ဆရာတော်သည် ၁၃၄၈-ခု ၀ါဆိုလပြည့်နေ့တွင် ယခုသိမ်တော်ကြီးထဲရှိ ဘုရား (၃)ဆူတည်ရန် ပလ္လင်တော်ကို အုတ်မြစ်စီပြီး ယခုလက်ရှိဘုရား (၃)ဆူကို စတည်ပါသည်။ ထိုမှတစ်ဖန် ဆရာတော်သည် အံကျိန်းတော်ကုန်းမို့မို့၊ ကန်တော်ကြီး၊ ကန်တော်ငယ် အနောက်ဖက်ကျပ်လျက် (၄.၈၅)ဧကရှိ မြေကို နိုင်ငံတော်အစိုးရ၏ အခန်လွတ်သာသနာဝတ္တကမြေအဖြစ် တရားဝင်ခွင့်ပြုသတ်မှတ်ချက်ရယူကာ မြတ်ဗုဒ္ဓ၏ သာသနာတော် နောင်ရှည်ကြာခိုင်မြဲတည်တံ့ပြန့်ပွါးစေခြင်းအလို့ငှာ နောင်တစ်ခေတ်တွင် သမိုင်းတည်ရစ် စေမည့် စတုရန်းပေ(၄)သောင်းရှိ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်သိမ်တော်ကြီးကို ၁၃၄၈ ခု၊ တန်ဆောင်မုန်းလပြည့် (၁၆.၁၁.၁၉၈၆) တနင်္ဂနွေနေ့ နံနက် (၉)နာရီတွင် စည်ကားသိုက်မြိုက်စွာဖြင့် သိမ်သမုဒ်နိုင်ခဲ့ပါလေသည်။ ၄င်းသိမ်တော်ကြီးကို မည်သည့်အင်ဂျင်နီယာ၊ မည်သည့်ပညာရှင်များ၏ အကူအညီကိုမျှမယူဘဲ ဆရာတော်၏ ကိုယ်ပိုင်ဥာဏ်ဖြင့်ပင် ရခိုင်ဘုရင်မင်းဘာကြီးတည်ထားကိုးကိုယ်တော်မူခဲ့သည့် မြောက်ဦးမြို့ရှိ ကမ္ဘာထိထင်ရှားသော သျှစ်သောင်းပုထိုးတော်ကြီးပုံစံကို အခြေခံကာ ကျန်သိန်းပေါင်း (၂)သောင်းကျော် အကုန်ကျခံပြီး အဓိဋ္ဌာန်ပြုတည်ဆောက်နေသည်မှာ ယခုဆိုလျှင်  ပြီးစီးအောင်မြင်ခဲ့ပြီ ဖြစ်ပါသည်။ သိမ်တော်ကြီးမှာ အလျား၊ အနံ (၁၀၈)ပေစီ စတုရန်းဖြစ်ပြီး ပြဿဒ်အညွှန့်ထိပ်ထိ (၉၉)ပေမြင့်သည်။ သိမ်တော်ကြီးအကာတံတိုင်းများပေါ်တွင် ဘုရားရှင်တစ်ပါးစီအပါအ၀င် စေတီငယ်ပေါင်း (၈၀)ဖြင့် ၀န်းရထား သည်။ သိမ်တော်ကြီးအနောက်ဘက်တက်လမ်းတွင် (၁၈)ပေစီအမြင့်ရှိ ယာဘက်မှာ အာဋ္ဌဠာဝက၊ ဘယ်ဘက်မှာ ပုဏ္ဏက ဘီလူးရုပ်ထုကြီးနှစ်ရုပ်နှင့် ပုဏ္ဏကအနီးဝဲဘက်တစ်နေရာတွင် (၄၉)ပေမြင့်သော အရှင်သီဝလိရဟန်းရုပ်ထုကြီးကလည်း စစ်တွေ-ရန်ကုန် ကားလမ်းမကြီးဘက်သို့မျက်နှာမူလျက် လာတ်လာဘ အဆင် သိဒ္ဓိတင်နေတော်မူပါသည်။ သိမ်တော်ကြီး၏ နံရံမှာ ထု-၅ပေထူပြီး၊ လေးမျက်နှာတွင် ၀င်ပေါက် အဖြစ် မုခ်လေးခုစီရှိပါသည်။ သိမ်တော်ကြီးဗဟို မဏ္ဍိုင်ချက်မတိုင်တွင် သံဃာတော် (၉)ပါးဖြင့်လည်းကောင်း၊ အရံတိုင်ကြီး ဆက်လက်ဖတ်ရှုရန်

အောင်ဆုပန်ရပ်တော်မူ ဘုရားကြီး (ယိုးတရုပ်) တည်ထားပုံအဆင့်ဆင့်

တည်နေရာ                                   -         ယိုးတရုပ်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် အမြင့်ဥာဏ်တော်                            -         ၇၂-ပေ ပဓာနနာယကဆရာတော်                   -         ဘဒ္ဒန္တကုလရက္ခိတ (မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော်) ခွင့်ပြုသည့်အဖွဲ့                              -         မြို့နယ်သံဃာ့နာယကအဖွဲ့ ဘုရားဖြစ်မြောက်ရေးလုပ်ငန်းကော်မတီ   -         ဥိးသန်းထွန်း ဥက္ကဋ္ဌဦးဆောင်သည့် အဖွဲ့ဝင် (၉)ဦးပါ လုပ်ငန်းကော်မတီဖြင့် စနစ်တကျတည်ထား ပူဇော်လျက်ရှိပါသည်။ အုတ်မြစ်စီမင်္ဂလာအခမ်းအနား             -(၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၄-ရက်) ဘုရားတည်အုတ်ဖြစ်စီမင်္ဂလာပွဲ ပြုလုပ်မည့်မြေနေရာစတုရန်း (၂၄ပေx ၂၄ပေ x ၁၄ပေ) ပတ်လည်ရှိမြေတွင်းကြီးကို မြန်မာ့ မီးရထားလမ်းပြုပြင်ရေးအဖွဲ့မှ မန်နေဂျာ ဦးဗိုလ်ဝ မှဖြူစင်သောစေတနာဖြင့် ဘတ်ဖိုးစက်ယန္တရားကြီးနှင့် အတူ ကိုယ်တိုင်ကာယဒါနဖြင့် ပံ့ပိုးကူညီတူးဖော်ဒါနပြုခဲ့ပါသည်။ (၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၅-ရက်) ဘုရားတည်ထားပူဇော်မည့်ကုန်းတော်နှင့် ခြံဝင်းပတ်ဝန်းကျင်ကို အကျိုးတော်ဆောင်ဂေါပကများဦးဆောင်မှုဖြင့် ယိုးတရုပ် ရွာလုံးကျွတ် စည်းလုံးညီညွတ်စွာ ပါဝင်လုပ်အားပေးခဲ့ပါသည်။အမျိုးသမီးကြီးများမှ လ္ဘက်ရည်၊ ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ပါသည်။(၁၃၇၂-ခုနှစ် နတ်တော်လဆန်း၅-ရက်) (၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၁-ရက် စနေနေ့) တွင် အောင်ဆုပန်ရပ်တော်မူဘုရားကြီး အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။   အောင်ဆုပန်ရပ်တော်မူဘုရားကြီးနှင့် ဆိုင်ရာမှတ်တမ်းများ ယိုးတရုတ်အောင်ဆုပန်ရပ်တော်မူဘုရားကြီးဥာဏ်တော်အတိုင်းအတာနှင့် သသနာ့အဆောက်အဦးများ အလှူရှင်များ မှတ်တမ်း အောင်ဆုပန်ရပ်တော်မူဘုရားကြီး         အောင်ဆုပန်ရပ်တော်မူဘုရားကြီး ဥာဏ်တော်အတိုင်းအတာ ခြေဖ၀ါးမှ ပုဆစ်ဒူးဝန်းထိ                                       ၁၈ ပေ ပုဆစ်ဒူးဝန်းမှ မိညောင်ရိုးထိ                         ၁၈ ပေ မိညောင်းရိုးမှ ရင်ညွန့်ထိ                              ၁၈ ပေ ရင်ညွန့်မှ ဆံကျစ်ထိ                                  ၁၈ ပေ ဘုရားကြီး၏ဥာဏ်တော်အမြင့်စုစုပေါင်း             ၇၂ ပေ ဘုရားကြီး၏ (ခန္ဓာကိုယ်) ဆက်လက်ဖတ်ရှုရန်